All posts tagged “Street Photography History

Street Photography ရဲ့ သမိုင်း – အပိုင်း (၃)

ဂ) Street Photography မှာ မတူညီတဲ့ ကင်မရာ၊ မှန်ဘီလူး၊ နည်းလမ်းများ အသုံးပြုခြင်း ၁။ မတူညီတဲ့ ချဉ်းကပ်နည်းများကို စမ်းသပ်ခြင်း Street Photographer တစ်ယောက်အနေနဲ့ တီထွင်ဖန်တီးနိုင်မှုကို ထိမ်းသိမ်းထားနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ အမြဲမပြတ် စမ်းသပ်ကြီံဆနေဖို့ပဲ ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်များက ဓာတ်ပုံသမား Andre Kertesz ဟာဆိုရင် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများကို စမ်းသပ်ရုံမက ကင်မရာ မှန်ဘီလူးများကိုလည်း စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အမျိုးမျိုးသော မှန်ဘီလူးတွေနဲ့ စမ်းသပ်ခဲ့တာဟာ အဲ့ဒီအချိန်ကာလက ဖြစ်ပေါ်နေတဲ့ တရားဝင်ပြဿနာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ၁၉၂၇ခုနှစ်မှာ Montmartre က အများသုံးလှေကာကို […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၂)

၁၁။ လူမှုဗေဒနဲ့ Street Photography Street Photography မှ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အမျိုးမျိုး ရှိကြပါတယ်။ စိတ်ဝင်စားဖွယ် အခိုက်အတန့်များ၊ သမိုင်းဖြစ်ရပ်၊ အမြင်ပုံရိပ်များ ဒါမှမဟုတ် လူမှုရေးဆိုင်ရာများကို မှတ်တမ်းတင်ရတာကို စိတ်ဝင်စားကောင်း ဝင်စားနိုင်ပါတယ်။ Lewis Hine ကတော့ လူမှုဗေဒဘက် အားသန်တဲ့ Street Photographer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းစွာဖွဲ့စည်းထားရုံမက လေးနက်တဲ့အဓိပ္ပါယ်တွေဖော်ပြနိုင်ဖို့လည်း အားထုတ်ထားပါတယ်။ သူ့ရဲ့ပုံတွေက အခြားသူများကို လူမှုအခြေအနေတစ်ခုအကြောင်း သတင်းပေးနိုင်တဲ့ပုံများအဖြစ် ဖန်တီးလိုပါတယ်။ ပြီးတော့ သူ့ပုံများက လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှာ အပြောင်းအလဲတွေဖြစ်စေတဲ့ ပုံများဖြစ်လိုပါတယ်။ Hine အနေနဲ့ […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၁)

Street Photography ရဲ့ သမိုင်းကိုရေးသားတဲ့စာအုပ် အနည်းငယ်သာ ရှိပါတယ်။ အဲဒီ့အနည်းငယ်သော စာအုပ်များထဲမှာ “Bystander: A History of Photography” စာအုပ်ဟာ အင်မတန် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ယင်းစာအုပ်ကို ဓာတ်ပုံပြပွဲများ စီစဉ်သူနဲ့ သမိုင်းပညာရှင်ဖြစ်သူ Colin Westerbeck နဲ့ နာမည်ကျော် street photographer တစ်ဦးဖြစ်သူ Joel Meyerowitz တို့ ပူးတွဲ ရေးသားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဖြစ်ဖို့အတွက် သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။ စာရေးသားမှုပိုင်းကို Westerbeck က အများဆုံး ပြုလုပ်ပြီး Meyerowitz ကတော့ […]