Photo Essay : တွင်ကျယ်ထွန်းကားဆဲ စိပ်ပုတီးလုပ်ငန်း by Thu Yein ပုတီးဟာ မြန်မာလူမျိုးတွေရဲ့ မရှိမဖြစ်အသုံးအဆောင်ပစ္စည်းဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြခြင်းကတော့ အထင်အရှားပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ပျူခေတ်က ပျူပုတီးတွေဟာ ထင်ရှားတယ်။ အရောင်အသွေး၊ အလုံးအဖန်၊ အစပ်အဟပ်တွေက လက်ရာမြောက်လှတယ်။ ပုဂံခေတ်မှာတော့ ပုတီးက လည်မှာ ဆင်ယင်တာသာမက အဝတ်အစားချပ်ဝတ်တန်ဆာတွေမှာပါ ပုတီးကုံးတွေနှင့် အလှဆင်တယ်။ နံရံဆေးရေးပန်းချီက ပုဂံသူတွေရဲ့ ခါးမှာပုတီးနှင့် အလှဆင်ထားတဲ့ ချပ်ဝတ်အထည်တွေ တွေ့ရတယ်။ ခေတ်တွေဘယ်လိုပြောင်းပေမယ့် အဆင်တန်ဆာအဖြစ် ပုတီးကိုပစ္စည်းအမျိုးမျိုးနှင့် ပြုလုပ်ဆင်ယင်ကြမှုက မပြောင်းလဲပါဘူး။ ဒီထက်ပိုမိုပြီး […]