All posts tagged “Article

Social Landscape Photography ဆိုတာ ဘာလဲ

အိမ်ပြန်ချင်တဲ့ စိတ်ဆန္ဒဟာ ပြီးပြည့်စုံချင်တဲ့၊ မိမိဘယ်မှာရှိသလဲဆိုတာသိချင်တဲ့၊ ကြယ်တွေအားလုံးကိုဖြတ်ပြီး ဆွဲလိုက်တဲ့ မျဉ်းကြောင်းတွေဆုံရာ ဆုံမှတ်ဖြစ်ချင်တဲ့၊ နက္ခတ်တာရာပြုလုပ်သူနဲ့ ချစ်ခြင်းမေတ္တာလို့ခေါ်တဲ့ ကမ္ဘာကြီးရဲ့ ဗဟိုချက်ဖြစ်ချင်တဲ့ စိတ်ဆန္ဒပဲ။ အိပ်စက်ရာကနေ နိုးထဖို့၊ နိုးထနေရာက အနားယူဖို့၊ သားရဲတိရိစ္ဆာန်ကို လိမ္မာအောင် သင်ကြားပေးဖို့၊ စိတ်နှလုံးသား ဆန္ဒရှိရာဖြစ်ဖို့၊ အမှောင်ထုမှာ နားခိုဖို့နဲ့ အလင်းနဲ့အတူ လောင်ကျွမ်းဖို့၊ စကားပြောဖို့မလိုပဲ လုံးဝနားလည်နိုင်ဖို့။ ရေဘက္ကာ ဆိုလ်နစ်၊ နိဗ္ဗာန်ဘုံတံခါးများကို တီးခေါက်ခြင်း – နိုင်ငံရေးအတွက် ရှုမြင်ကွင်းများ Social landscape photography [SLP] မှာ ဖေါ်ပြတာတွေက ကမ္ဘာကြီးပေါ် လူသားတွေပြုလုပ်လိုက်တဲ့ အကျိုးဆက်တွေပဲ၊ လူသားတွေပြုလုပ်လိုက်တဲ့ […]

Street Photography မှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှု ဘယ်လိုပေးမလဲ?

Street photography မှာ (ဒါမှမဟုတ် ဘဝရဲ့ ဘယ်အရာတွေမှာပဲဖြစ်ဖြစ်) ပိုမိုကောင်းမွန်တိုးတက်လာဖို့အတွက် ရိုးသားပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှု ရရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လက်ရှိအင်တာနက်ပေါ်က ပြဿ       နာက ကျွန်တော်တို့ရဲ့ အာရုံပေးမှုအချိန်ဟာ တိုတောင်းပြီး Facebook/Flickr စတာတွေမှာ မှတ်ချက်ပြန်ပေးတာတွေ အများစုဟာ “ကောင်းလိုက်တဲ့ ရိုက်ချက်”၊ “အလင်းရောင်ကျနေတာကို သဘောကျတယ်” ဒါမှမဟုတ် “ဘာကင်မရာ မှန်ဘီလူး သုံးထားသလဲ” စတဲ့ စာသားတွေပဲဖြစ်နေပါတယ်။ ဒီဆောင်းပါးမှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုဘယ်လိုပေးရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို ကြိုးစားဖော်ပြသွားပါမယ်။ အခြားသူများကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုပေးတာဟာ သူတို့ကို […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၃)

ဂ) Street Photography မှာ မတူညီတဲ့ ကင်မရာ၊ မှန်ဘီလူး၊ နည်းလမ်းများ အသုံးပြုခြင်း ၁။ မတူညီတဲ့ ချဉ်းကပ်နည်းများကို စမ်းသပ်ခြင်း Street Photographer တစ်ယောက်အနေနဲ့ တီထွင်ဖန်တီးနိုင်မှုကို ထိမ်းသိမ်းထားနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ အမြဲမပြတ် စမ်းသပ်ကြီံဆနေဖို့ပဲ ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်များက ဓာတ်ပုံသမား Andre Kertesz ဟာဆိုရင် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများကို စမ်းသပ်ရုံမက ကင်မရာ မှန်ဘီလူးများကိုလည်း စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အမျိုးမျိုးသော မှန်ဘီလူးတွေနဲ့ စမ်းသပ်ခဲ့တာဟာ အဲ့ဒီအချိန်ကာလက ဖြစ်ပေါ်နေတဲ့ တရားဝင်ပြဿနာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ၁၉၂၇ခုနှစ်မှာ Montmartre က အများသုံးလှေကာကို […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၂)

၁၁။ လူမှုဗေဒနဲ့ Street Photography Street Photography မှ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အမျိုးမျိုး ရှိကြပါတယ်။ စိတ်ဝင်စားဖွယ် အခိုက်အတန့်များ၊ သမိုင်းဖြစ်ရပ်၊ အမြင်ပုံရိပ်များ ဒါမှမဟုတ် လူမှုရေးဆိုင်ရာများကို မှတ်တမ်းတင်ရတာကို စိတ်ဝင်စားကောင်း ဝင်စားနိုင်ပါတယ်။ Lewis Hine ကတော့ လူမှုဗေဒဘက် အားသန်တဲ့ Street Photographer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းစွာဖွဲ့စည်းထားရုံမက လေးနက်တဲ့အဓိပ္ပါယ်တွေဖော်ပြနိုင်ဖို့လည်း အားထုတ်ထားပါတယ်။ သူ့ရဲ့ပုံတွေက အခြားသူများကို လူမှုအခြေအနေတစ်ခုအကြောင်း သတင်းပေးနိုင်တဲ့ပုံများအဖြစ် ဖန်တီးလိုပါတယ်။ ပြီးတော့ သူ့ပုံများက လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှာ အပြောင်းအလဲတွေဖြစ်စေတဲ့ ပုံများဖြစ်လိုပါတယ်။ Hine အနေနဲ့ […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၁)

Street Photography ရဲ့ သမိုင်းကိုရေးသားတဲ့စာအုပ် အနည်းငယ်သာ ရှိပါတယ်။ အဲဒီ့အနည်းငယ်သော စာအုပ်များထဲမှာ “Bystander: A History of Photography” စာအုပ်ဟာ အင်မတန် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ယင်းစာအုပ်ကို ဓာတ်ပုံပြပွဲများ စီစဉ်သူနဲ့ သမိုင်းပညာရှင်ဖြစ်သူ Colin Westerbeck နဲ့ နာမည်ကျော် street photographer တစ်ဦးဖြစ်သူ Joel Meyerowitz တို့ ပူးတွဲ ရေးသားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဖြစ်ဖို့အတွက် သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။ စာရေးသားမှုပိုင်းကို Westerbeck က အများဆုံး ပြုလုပ်ပြီး Meyerowitz ကတော့ […]

ဖိုတိုအက်ဆေး ဘယ်လိုဖန်တီးကြမလဲ

တကယ်လို့များ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းထောင်ချီပြီးညီမျှတယ်ဆိုရင် ဖိုတိုအက်ဆေးကောင်းတစ်ပုဒ်ကတော့ စကားလုံးပေါင်းသန်းချီတန်နေလိမ့်မယ်ထင်ပါတယ်။ ဖိုတိုအက်ဆေးတစ်ပုဒ်ဟာ ဆက်ရန်ရှိသည်များကို ဆက်ဖို့အတွက် အခွင့်အရေးတစ်ရပ်ပါပဲ။ ဓါတ်ပုံတစ်ပုံတည်းနဲ့ မလုံလောက်တော့တဲ့အခါ ဓါတ်ပုံများစွာပေါင်းပြီး တင်ပြဖို့ဆိုတာ ရိုးရှင်းလွန်းတဲ့ကိစ္စတစ်ရပ်ပါ။ ဒီနေရာမှာ ဖိုတိုအက်ဆေးတစ်ပုဒ်ဖန်တီးဖို့အတွက် အဓိကကျတဲ့အချက်ငါးချက်အကြောင်းလေး ပြောချင်ပါတယ်။ Subject ဖိုတိုအက်ဆေးရိုက်တဲ့အခါ တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေထဲက တစ်ဝက်လောက်က စိတ်ဝင်စားစရာကောင်းတဲ့ Subject တွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ အက်ဆေးစတင်အကောင်အထည်ဖော်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ Subject တစ်ခုကို ရှာဖွေယ်၊ အဲ့ဒီ့ Subject ဟာ ရိုက်ကူးသူခင်ဗျားကို စိတ်ဝင်စားစေမယ့်အရာ (ဝါ) ဆွဲဆောင်နိုင်တဲ့အရာမျိုး၊ နောက် ခင်ဗျားရိုက်ကူးဖို့အတွက် လွယ်ကူအဆင်ပြေစေတဲ့ဟာမျိုးပေါ့။ ဥပမာ ဒီဆောင်းပါးမှာ ပါဝင်တဲ့ဓါတ်ပုံတွေဆိုရင် တကူးတကခက်ခက်ခဲလိုက်ရှာနေစရာမလိုပဲ […]