လမ်းပေါ်က  သာမာန် Scene တစ်ခုဟာ ကျွန်တော်စိတ်ကူး နဲ့ feeling ကို ကိုယ်စားပြု ဖော်ပြနိုင်တယ်ဆိုတဲ့ အောင်ဇော်မျိုးနဲ့ အင်တာဗျူး

Articles

FC ကနေ အစီအစဉ်အသစ်တစ်ခုထပ်တိုးဖို့စီစဉ်တော့၊ အင်တာဗျူးအစီအစဉ်ထည့်ဖို့ကို စဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ FC ရဲ့ အန္တိမရည်ရွယ်ချက်ဖြစ်တဲ့ Professional ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Street/ Candid နဲ့ပတ်သက်တဲ့ မြန်မာလူမျိုးရွက်ပုန်းသီးလေးတွေကို ဖော်ထုတ်ချင်တယ်။ မြန်မာလူမျိုးဖြစ်နေသရွေ့ သူ့ဟာသူ ကမ္ဘာရဲ့ ဘယ်အခြမ်းမှာပဲ ရောက်နေနေ FC Platform ပေါ်ကနေ မြန်မာတစ်နိုင်ငံလုံး၊ အဲ့ဒီ့ကနေ တစ်ကမ္ဘာလုံးထိသွားချင်တယ်။ အင်တာဗျူးကနေ သူတို့တွေ အမြင်ချင်းဖလှယ်လို့ရမယ်။ သူတို့ပေါက်ကွဲသံစဉ်တွေရှိရင် နာကြားလို့ရမယ်။ ဒီအင်တာဗျူးအစီအစဉ်ကနေ တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်သံချင်း၊ အနုပညာချင်းဖလှယ်နိုင်ခဲ့သည်ရှိသော် ဒီအစီအစဉ်ပေါ်ပေါက်ရကျိုးနပ်ပါလိမ့်မယ်။

အဲ့ဒီ့တော့ ပထမဆုံးရွေးချယ်မိတာက ကျွန်တော်တို့ FC ရဲ့ ပထမဦးဆုံး စာအုပ်မှာကော၊ ဓါတ်ပုံပြပွဲမှာပါ ပါဝင်ခဲ့တဲ့ ကိုအောင်ဇော်မျိုးပဲဖြစ်ပါတယ်။ သူ့ဓါတ်ပုံတွေနဲ့ သူပြောတဲ့အကြောင်းတွေ အောက်မှာဖတ်ကြည့်နိုင်ပါတယ်။

image

၁) ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါခင်ဗျ။
ဟုတ်ကဲ့ အားလုံး မင်္ဂလာပါ။  ကျွန်တော့် နာမည် အောင်ဇော်မျိုးပါ ခင်ဗျာ။

image

၂) ဓါတ်ပုံပညာကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲခင်ဗျ။
၂၀၁ဝ နှစ််ကုန်ပိုင်း လောက်က သူငယ်ချင်းတွေ ကင်မရာဝယ်ကြရိုက်ကြတော့ ကိုယ်လည်း ဝယ်ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီ photographic မီဒီယမ် နဲ့ Street ကို တွဲဖက်ပြီး မမြင်ခဲ့ပါဘူး။ ၂၀၁၂ လောက်မှာ"Eyes for Photography" ဆိုတဲ့ short course လေး တက်ဖြစ်ပြီးသွားတဲ့နောက်မှာတော့ လမ်းပေါ်က  သာမာန် Scene တစ်ခုဟာ ကျွန်တော်စိတ်ကူး နဲ့ feeling ကို ကိုယ်စားပြု ဖော်ပြနိုင်တယ်ဆိုတာ သိခဲ့ရတယ်။ ဒါနဲ့ပဲ street photography ကို စိတ်ဝင်စားလာခဲ့ပါတယ် ခင်ဗျ။

image

၃) ခင်ဗျားမှာ အနုပညာမျိုးရိုး (သို့မဟုတ်) ဓါတ်ပုံပညာမျိုးရိုးရှိပါသလားခင်ဗျ။
ကျွန်တော်မျိုးရိုးထဲမှာ အနု ပညာသမား မရှိသလို ဓါတ်ပုံသမားလည်း မရှိပါဘူး ခင်ဗျာ။

image

၄) ခင်ဗျားရဲ့ဖန်တီးမှုမှာ ဘယ်အနုပညာသမား (သို့) ဘယ်ဓါတ်ပုံဆရာရဲ့ လွှမ်းမှိုးမှုရှိတယ်လို့ ထင်ပါသလဲ။
ဟုတ်ကဲ့ ကျွန်တော့်ရဲ့ဖန်တီးမှု ကို လွှမ်းမိုးတဲ့ ဓါတ်ပုံ ဆရာတွေကတော့ Magnum ကဆရာတွေပါ။ ဥပမာ Alex Webb ရဲ့ complex framing တွေကို သိပ်သဘောကျတယ်။ ဒါမျိုးတွေ တကယ့် field ထဲမှာ ကြုံ လာရင် သူ့လို framing တွေ ရိုက်ဖို့ကြိုးစားမိပါတယ်။

image

၅) ဓါတ်ပုံတစ်ပုံရိုက်ဖို့ ဘယ်လောက်အထိပြင်ဆင်မှုတွေပြုလုပ်ပါသလဲ။ အဆင့်ဆင့်တိုင်းကို ပြင်ဆင်မှုပြုလုပ်သလား။ ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်သလိုကြုံလာတဲ့အတိုင်းရိုက်ပါသလား။
မြင်တဲ့scene ကို ဒီအတိုင်းပဲ ရိုက်ပါတယ်။ ပြင်ဆင်မှုတွေ မပြုလုပ်ပါဘူး။ နေရာတစ်ခု ရောက်ရင်တော့ အဲ့ဒီနေရာရဲ့ ဝန်းကျင်အနေအထားနဲ့ အငွေ့အသက်ကတဆင့် စိတ်ဝင်စားဖွယ် ပုံရနိုင်သလားလို့ ခန့်မှန်းတာမျိုး၊ စိတ်ဝင်စားစရာ ဖရိန်တွေ့ရင်လည်း အချိန်ပေးရင်ပေးသလို စောင့်ရိုက်တာမျိုး၊ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ framing များရှိဦးမလားဆိုပြီး ရှာရိုက်တာမျိုးတော့ လုပ်ပါတယ်။

image

၆) ဘယ်လိုနေရာမျိုးက ခင်ဗျားကို ဓါတ်ပုံရိုက်ချင်အောင် ဆွဲဆောင်မှုရှိသလဲ။
ကြားဖူးနေတယ်။ဒါပေမဲ့ တခါမှ မရောက်ဖူးတဲ့ လမ်း၊ နေရာ ဒါမှမဟုတ် event တခုပေါ့။ ကျွန်တော် ဘာတွေတွေ့ရမယ်၊ ဘယ်လိုပုံတွေရမယ်၊ ဒါမှမဟုတ် ဘာပုံမှ မရဘူး စသဖြင့်ပေါ့ ကြိုမသိနိုင်တာက ကျွန်တော့်ကို  စိတ်လှုပ်ရှားစေပါတယ်။

image

၇) ကျေးဇူးပြုပြီး ခင်ဗျားသုံးတဲ့ technique လေးတွေ process လုပ်ပုံလေးတွေ သဘောတရားလောက်ပြောပြလို့ရမလားခင်ဗျ။
Focal length မှာ 35 mm နဲ့ ကျွန်တော် ရိုက်ပါတယ်။ Noise မကြောက်လို့ လိုအပ်ရင် ISO 6400 နဲ့ရိုက်ဖို့ဝန်မလေးပါဘူး။ လိုအပ်တဲဲ့ DOFကိုပေးနိုင်တဲ့ Aperture  ကို ကျွန်တော် သုံးပါတယ်။  Focusing မှာ အရင်က Auto Focus (AF) ကို သုံးခဲ့ပါတယ်။ ဒီနှစ်ပိုင်းမှာ manual focus + zone focusing ကို သုံးဖြစ်ပါတယ်။ Shutter release က AF ထက်မြန်တယ်။ ပြီးတော့ sharpness က လက်ခံလိုရနိုင်တဲ့ အနေအထားမှာ ရှိနေတတ်တယ်။

ကျွန်တော်က Raw shooter ပါ။ Processing လုပ်တဲ့အခါမှာ Adobe Camera Raw နဲ့ အလင်း၊အမှောင်၊ကာလာ တွေ အရင် ချိန်ပါတယ်။အဲ့မှာ White Balance, Blacks, Whites, Highlights, Shadows နဲ့ Clarity တွေ ကလိပါတယ်။ Details tap မှာလည်း ကစားကြည့်ပါသေးတယ်။ ပြီးမှ ပုံကို Photoshop နဲ့ဖွင့်ပါတယ်။ အဲ့မှာတော့ ပုံကို လိုအပ်သလို Crop ပါတယ်။ ပြီးရင် Contrast  အတွက် Curve layer ကို (blending mode မှာ luminosity ထားပြီး) ပဲ သုံးဖြစ်ပါတယ်။ Contrast ကို ကလိရင်း colour တွေ Saturated ဖြစ်လာရင်တော့ HSL layer  နဲ့ Saturation ပြန်ချပါတယ်။ ကျွန်တော် အဖြူအမဲ နဲ့စာရင် colour ပုံတွေပို ကြိုက်ပါတယ်။ ဒါပေမဲ့ အရမ်း Saturate ဖြစ်တဲ့ပုံတွေကို မကြိုက်ပါဘူး။

၈) အခု ဒီမှာဖတ်နေတဲ့သူတွေအတွက် သူတို့ပုံလေးတွေ အကောင်းဆုံးအနေအထားရောက်အောင် အကြံဉာဏ်လေးပေးနိုင်မလားခင်ဗျ။

ဟုတ်ကဲ့ အားစိုက်ပြီး၊ အချိန်ပေးပြီး များများရိုက်ဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။

ပြီးတော့ အဲ့လို ထွက်ရိုက်တဲ့အခါ စိတ်ထဲမှာ ဘယ်လိုပုံမျိုးကိုမှ ထည့်မသွားဖို့ လိုမယ်ထင်ပါတယ်။ ဒီနေ့တော့ ဘယ်လိုပုံမျိုး ရိုက်မယ်ဟေ့ ဆိုတာမျိုး တွေးမနေသင့်ပါဘူး။ အဲ့ဒီ Mental imageတွေကို  အတွေးထဲက အရင်ရှင်းထုတ်သင့်တယ်။ မရှင်းနိုင်ရင် အဲ့ ပုံကို သွားလေရာမှာ လိုက်ရှာမိနေမယ်။ ဆိုတော့ တခြားပုံကောင်းရနိုင်တဲ့ scene ကို မမြင်နိုင်တော့ဘူးပေါ့။ ဗလာကျင်းတဲ့ စိတ်အခံရှိမှသာ scene ကို အပြည့်အဝ နားလည်နိုင်မယ်လို့ ထင်ပါတယ်။ဒီကတဆင့် ကိုယ့်ရဲ့ အတွေးနဲ့ feeling ကို ဖြစ်စေမဲ့ frame ကိုမြင်နိုင်မယ်၊ ရိုက်ယူနိုင်မယ်လို့ ထင်ပါတယ် ခင်ဗျ။

၉) ခင်ဗျားဘဝမှာ ဓါတ်ပုံမရိုက်ဖြစ်တဲ့အချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ ပြောပြလို့ရမလား။
စာဖတ်တယ်။ ဂစ်တာလည်း နည်းနည်း တီးဖြစ်တယ်။ အဓိက ကတော့ Street photography နဲ့ ဆိုင်တဲ့ material တွေ ကြည့်ဖြစ်တယ်။ တခြားသူတွေရဲ့ ပုံတွေပေါ့။

၁၀) ခင်ဗျားအနာဂတ်အတွက် ဘာတွေစီစဉ်ထားတာရှိလဲ။ ဘယ်လိုပရောဂျက်မျိုးတွေ လုပ်ချင်လဲ။
အနာဂတ်အတွက် ကျွန်တော့်စိတ်ထဲ တိကျတဲ့ Photography Project မရှိသေးပါဘူး။ Project လုပ်မယ်ဆိုရင်တော့ ပေါ့ပါးတဲ့အကြောင်းအရာလေးတွေနဲ့ လုပ်ချင်ပါတယ်။

စိတ်ထဲပြောချင်တာလေးများရှိရင်
ဟုတ်ကဲ့ “အချက်အလက် ရှိရုံနဲ့ ကဗျာ ချမရေးသေးနဲ့။ စိတ်ခံစားမှုလေး ပါအောင်၊ ရင်ခုန်လာအောင် ခဏ စောင့်ပါ ” လို့ ကဗျာဝေဖန်ရေး ဆောင်ပါးတပုဒ်မှာ ဖတ်မှတ်ဖူးပါတယ်။ ဒီသဘောတရားလေးကို ကျွန်တော်တို့ Street Photography မှာ သုံးရင်… စသဖြင့် ကိုယ်ဘာသာကို စေငုံကြည့်မိပါတာပါ။ ကျွန်တော်ကိုယ်တိုင် အချက်အလက်အကဲပိုတဲ့ (information only) ပုံတွေ ရိုက်ခဲ့သလို အခုချိန်ထိ ရိုက်နေမိတုန်း၊ ဖျက်ပစ်နေရတုန်းပါ။ တကယ်တော့ အချက်အလက်ပေါ် အခြေခံပြီးတော့ ဆက်စပ်တွေးစရာလေးတစ်ခု ဒါမှမဟုတ် မေးခွန်းတစ်ခုလောက် viewer အတွက် ကျန်အောင်ရိုက်မယ် ဆိုရင်ဖြင့် ကျွန်တော်တို့ ပုံတွေ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။

အထက်က ဖြေဆိုချက်များ ကျွန်တော့် ရဲ့အမြင်များဟာ မှားကောင်း မှားနိုင်ပါတယ်။ မှားခဲ့ရင်ဖြင့် အမှန်ပြင်ပေးကြပါရန် ပန်ကြားလိုပါတယ် ခင်ဗျား။

ဒီ အင်တာဗျူးလေး စီစဉ်တဲ့ FC Team ကိုလည်း ကျေးဇူးအထူးပါခင်ဗျား။


ကိုအောင်ဇော်မျိုးရဲ့ အခုနောက်ဆုံးလုပ်ထားတဲ့ Photo Essay ကို ဒီအောက်ကလင့်မှာ တွေ့နိုင်ပါတယ်။

https://www.featuredcollectives.com/post/154654634714/photo-essay-in-the-park-in-the

သူ့ရဲ့တခြားလက်ရာတွေကိုကြည့်ချင်ရင်တော့ အောက်ကလင့်ကိုနှိပ်ပြီး သွားရောက်ကြည့်နိုင်ပါတယ်။

Aung Zaw Myo  on Featured Collectives

Posted by

Modern platform for artists who want to share/ promote their photography artworks. We mainly focus on Street and Fine Art Photography. You can share your artworks on our website's submission page.