Photo Essay : My Insomnia
© Soe Than Htike
လူ့ဘဝကြီးဆိုတာ မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ လောကကြီးပါ။ မွေးဖွားလာကြရတဲ့ နေရာတွေ မတူကွဲပြားပေမယ့် မွေးဖွားခြင်းရဲ့ အဓိပ္ပါယ်ကတော့ အတူူတူပါပဲ။ မွေးဖွား လာခဲ့ကြပေမယ့် ရှင်သန်ခွင့်ခြင်း မတူကွဲပြားစွာရှိကြပေမယ့်လည်း ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ အားလုံးအတူတူပါပဲ။ အချို့အချို့သော ဘဝတွေဟာ မွေးဖွားလာခဲ့ကြပေမယ့် ရွေးချယ်ခွင့်ကို ပျောက်ဆုံးစေခဲ့တဲ့ ရှင်သန်မှုမျိုးနဲ့ ပေါ့။ ဒီအရာတွေကို ထာဝရ ဘုရားရှင်က ဖန်ဆင်းထားတာလား။ ဒီအရာတွေကို လူသားတွေကဘဲ ဝေဖန်ဆုံးဖြတ် ရွေးချယ်ဖန်တီးခွင့်မရှိခဲ့ကြတာလား။ အတွေးတွေချာချာလည်ရင်း လူဟာ လူပီသ ဖို့ထက်ပိုအရေးမကြီးတဲ့ ဒီကမ္ဘာကြီးမှာ ရိုးသားစွာရှင်သန်ခွင့်တွေထက်မပိုတဲ့ ဘဝတွေ ရှိခဲ့တယ်။ ရှိနေဆဲ။ ရှိနေမြဲ။