All posts filed under “Articles

Articles about Street Photography

Social Landscape Photography ဆိုတာ ဘာလဲ

အိမ်ပြန်ချင်တဲ့ စိတ်ဆန္ဒဟာ ပြီးပြည့်စုံချင်တဲ့၊ မိမိဘယ်မှာရှိသလဲဆိုတာသိချင်တဲ့၊ ကြယ်တွေအားလုံးကိုဖြတ်ပြီး ဆွဲလိုက်တဲ့ မျဉ်းကြောင်းတွေဆုံရာ ဆုံမှတ်ဖြစ်ချင်တဲ့၊ နက္ခတ်တာရာပြုလုပ်သူနဲ့ ချစ်ခြင်းမေတ္တာလို့ခေါ်တဲ့ ကမ္ဘာကြီးရဲ့ ဗဟိုချက်ဖြစ်ချင်တဲ့ စိတ်ဆန္ဒပဲ။ အိပ်စက်ရာကနေ နိုးထဖို့၊ နိုးထနေရာက အနားယူဖို့၊ သားရဲတိရိစ္ဆာန်ကို လိမ္မာအောင် သင်ကြားပေးဖို့၊ စိတ်နှလုံးသား ဆန္ဒရှိရာဖြစ်ဖို့၊ အမှောင်ထုမှာ နားခိုဖို့နဲ့ အလင်းနဲ့အတူ လောင်ကျွမ်းဖို့၊ စကားပြောဖို့မလိုပဲ လုံးဝနားလည်နိုင်ဖို့။ ရေဘက္ကာ ဆိုလ်နစ်၊ နိဗ္ဗာန်ဘုံတံခါးများကို တီးခေါက်ခြင်း – နိုင်ငံရေးအတွက် ရှုမြင်ကွင်းများ Social landscape photography [SLP] မှာ ဖေါ်ပြတာတွေက ကမ္ဘာကြီးပေါ် လူသားတွေပြုလုပ်လိုက်တဲ့ အကျိုးဆက်တွေပဲ၊ လူသားတွေပြုလုပ်လိုက်တဲ့ […]

Street Photography မှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှု ဘယ်လိုပေးမလဲ?

Street photography မှာ (ဒါမှမဟုတ် ဘဝရဲ့ ဘယ်အရာတွေမှာပဲဖြစ်ဖြစ်) ပိုမိုကောင်းမွန်တိုးတက်လာဖို့အတွက် ရိုးသားပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှု ရရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လက်ရှိအင်တာနက်ပေါ်က ပြဿ       နာက ကျွန်တော်တို့ရဲ့ အာရုံပေးမှုအချိန်ဟာ တိုတောင်းပြီး Facebook/Flickr စတာတွေမှာ မှတ်ချက်ပြန်ပေးတာတွေ အများစုဟာ “ကောင်းလိုက်တဲ့ ရိုက်ချက်”၊ “အလင်းရောင်ကျနေတာကို သဘောကျတယ်” ဒါမှမဟုတ် “ဘာကင်မရာ မှန်ဘီလူး သုံးထားသလဲ” စတဲ့ စာသားတွေပဲဖြစ်နေပါတယ်။ ဒီဆောင်းပါးမှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုဘယ်လိုပေးရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို ကြိုးစားဖော်ပြသွားပါမယ်။ အခြားသူများကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုပေးတာဟာ သူတို့ကို […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၃)

ဂ) Street Photography မှာ မတူညီတဲ့ ကင်မရာ၊ မှန်ဘီလူး၊ နည်းလမ်းများ အသုံးပြုခြင်း ၁။ မတူညီတဲ့ ချဉ်းကပ်နည်းများကို စမ်းသပ်ခြင်း Street Photographer တစ်ယောက်အနေနဲ့ တီထွင်ဖန်တီးနိုင်မှုကို ထိမ်းသိမ်းထားနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ အမြဲမပြတ် စမ်းသပ်ကြီံဆနေဖို့ပဲ ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်များက ဓာတ်ပုံသမား Andre Kertesz ဟာဆိုရင် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းများကို စမ်းသပ်ရုံမက ကင်မရာ မှန်ဘီလူးများကိုလည်း စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အမျိုးမျိုးသော မှန်ဘီလူးတွေနဲ့ စမ်းသပ်ခဲ့တာဟာ အဲ့ဒီအချိန်ကာလက ဖြစ်ပေါ်နေတဲ့ တရားဝင်ပြဿနာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ၁၉၂၇ခုနှစ်မှာ Montmartre က အများသုံးလှေကာကို […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၂)

၁၁။ လူမှုဗေဒနဲ့ Street Photography Street Photography မှ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အမျိုးမျိုး ရှိကြပါတယ်။ စိတ်ဝင်စားဖွယ် အခိုက်အတန့်များ၊ သမိုင်းဖြစ်ရပ်၊ အမြင်ပုံရိပ်များ ဒါမှမဟုတ် လူမှုရေးဆိုင်ရာများကို မှတ်တမ်းတင်ရတာကို စိတ်ဝင်စားကောင်း ဝင်စားနိုင်ပါတယ်။ Lewis Hine ကတော့ လူမှုဗေဒဘက် အားသန်တဲ့ Street Photographer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းစွာဖွဲ့စည်းထားရုံမက လေးနက်တဲ့အဓိပ္ပါယ်တွေဖော်ပြနိုင်ဖို့လည်း အားထုတ်ထားပါတယ်။ သူ့ရဲ့ပုံတွေက အခြားသူများကို လူမှုအခြေအနေတစ်ခုအကြောင်း သတင်းပေးနိုင်တဲ့ပုံများအဖြစ် ဖန်တီးလိုပါတယ်။ ပြီးတော့ သူ့ပုံများက လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှာ အပြောင်းအလဲတွေဖြစ်စေတဲ့ ပုံများဖြစ်လိုပါတယ်။ Hine အနေနဲ့ […]

Street Photography ရဲ့ သမိုင်း – အပိုင်း (၁)

Street Photography ရဲ့ သမိုင်းကိုရေးသားတဲ့စာအုပ် အနည်းငယ်သာ ရှိပါတယ်။ အဲဒီ့အနည်းငယ်သော စာအုပ်များထဲမှာ “Bystander: A History of Photography” စာအုပ်ဟာ အင်မတန် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ယင်းစာအုပ်ကို ဓာတ်ပုံပြပွဲများ စီစဉ်သူနဲ့ သမိုင်းပညာရှင်ဖြစ်သူ Colin Westerbeck နဲ့ နာမည်ကျော် street photographer တစ်ဦးဖြစ်သူ Joel Meyerowitz တို့ ပူးတွဲ ရေးသားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဖြစ်ဖို့အတွက် သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။ စာရေးသားမှုပိုင်းကို Westerbeck က အများဆုံး ပြုလုပ်ပြီး Meyerowitz ကတော့ […]

Street Photography မှာ အဖြူအမည်း သို့မဟုတ် ကာလာအဖြစ်ထားဖို့ ဘယ်လိုဆုံးဖြတ်မလဲ?

Eric – Street ဓာတ်ပုံတစ်ပုံဟာ ဘယ်လိုအချိန်မှာ အဖြူအမည်း ဒါမှမဟုတ် ကာလာနဲ့ဖြစ်သင့်သလဲဆိုတဲ့ မေးခွန်းကို မကြာခဏဆိုသလို ဓာတ်ပုံအသိုင်းအဝိုင်းက ကျနော့်ကို မေးလေ့ရှိပါတယ်။ ဒီမေးခွန်းဟာ ကျနော့်ကိုကျနော် နေ့စဉ်မေးမိတဲ့ မေးခွန်းလည်းဖြစ်ပြီး သိပ်ထူးချွန်တဲ့ နျူးယောက်က Street ဓာတ်ပုံရိုက်သူ James Maher ကို ဆောင်းပါးတစ်ပုဒ်ရေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဖတ်ရတာ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ James – Street Photography ဆိုတာ ရှိခဲ့တာ တော်တော်ကြာပါပြီ။ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်အချိန်တုန်းက ဓာတ်ပုံရိုက်သူဟာ အိမ်ကမထွက်ခင်ကတည်းက ကာလာဖလင်လား အဖြူအမည်းဖလင်သုံးမှာလား ဆုံးဖြတ်ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ […]

ဓာတ်ပုံတွေကို crop လုပ်သင့်သလား?

ပုံတွေကို ဖြတ်တောက်ခြင်း (cropping) က ပိုကောင်းတဲ့ ဓာတ်ပုံဖြစ်လာစေသလား။ဥပမာ Henri Cartier-Bresson ရဲ့ ကျော်ကြားတဲ့ ဓာတ်ပုံကို ကြည့်ပါ။ ဓာတ်ပုံကို ဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက နံရံမှာရှိတဲ့ အပေါက်ထဲကနေ ရိုက်လို့ပါတဲ့။ မည်သို့ပင်ဆိုစေ ဒီပုံကို သူ ဖြတ်ခဲ့ပါတယ်။ ဖြတ်လိုက်တာက ပုံကို ပိုကောင်းသွားစေတယ်လို့ ကျနော်ထင်ပါတယ်။Elliot Erwitt ရဲ့ တော်တော်ကြီးကို ဖြတ်တောက်ထားတဲ့ ဓာတ်ပုံတစ်ခု။ ဒါပေမဲ့ ကျနော်တို့ ပုံတွေအားလုံးကို ဖြတ်တောက်သင့်သလား။ ယေဘုယျအားဖြင့် မဖြတ်တောက်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ ဖြတ်တောက်ခြင်းက သင့်ကို ပျင်းရိတဲ့ ဓာတ်ပုံသမားတစ်ဦးဖြစ်စေတယ် (အနည်းဆုံးတော့ ကျနော့်ကို […]

Street Photographer လုပ်သင့်၊ မလုပ်သင့်?

Street Photography မရိုက်ဖို့ အဓိကအကြောင်းရင်း ၆ချက် ၁ – သင့်ပုံတွေဟာ ‘like’ အများကြီးရမှာ မဟုတ်။လူမှုကွန်ရက် social media တွေမှာ အများစုက Street Photography ရဲ့ အနုပညာကို တန်ဖိုးမထားကြဘူး။ ကြောင်နဲ့ ပန်းတွေကိုရိုက်တဲ့ပုံတွေက ‘like’ ပိုရတတ်ပါတယ်။ ၂ – သင့်ဓာတ်ပုံတွေဟာ ရောင်းစားလို့မရဘူး။ဓာတ်ပုံဆရာက နာမည်ကြီးမဟုတ်ရင် လူတွေက street ဓာတ်ပုံတွေကို ဝယ်လေ့မရှိပါဘူး။ ၃ – Street photography နဲ့ ပိုက်ဆံရှာလို့မရဘူး။ကင်မရာကိုင်ပြီး လမ်းပေါ်လျှောက်သွားကာ လူတစိမ်းတွေကို ဓာတ်ပုံရိုက်ဖို့ ဘယ်သူကမှ ပိုက်ဆံပေးပြီး မခိုင်းဘူး။ […]

အလွဲများနဲ့ Street

Street Photography အကြောင်းပြောကြတဲ့အခါ အဓိကပြဿနာက ကျွန်တော်တို့ တုတ်ထမ်းဓါးထမ်းပြောရဖို့များတယ်လို့ဆိုရမယ်။ Street Photography က တခြားဓါတ်ပုံအမျိုးအစားတွေလို ရိုးရှင်းမနေဘူး။ သူက စာပေနဲ့ယှဉ်ပြောရင် ကဗျာအနုပညာနဲ့ဆင်မယ်လို့ထင်တယ်။ တိတိပပဖော်ပြဖို့အဆင်မပြေဘူး။ သူ့ဆီကထွက်လာနိုင်တဲ့ Possibility Outcome တွေက အရမ်းများနေတယ်။ ဥပမာ – ကောင်မလေးတစ်ယောက်ကို ပို့စ်ပေးခိုင်းပြီးရိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ့ထွက်လာတဲ့ပုံကို ကောင်းတာမကောင်းတာအပထား ဟာ မင်းဟာ Portrait ရိုက်တာမဟုတ်ဘူးလို့ ငြင်းဖို့မဖြစ်နိုင်ပေမယ့်၊ လမ်းမှာ စျေးထိုင်ရောင်းနေတဲ့ အဖိုးကြီးဖြစ်ဖြစ် အဒေါ်ကြီးဖြစ်ဖြစ်ကို ရိုက်လာပြီး Street Photography လို့ပြောဖို့တော့ နည်းနည်းလေးအခက်အခဲရှိမယ်ထင်ပါတယ်။ အဲ့ဒီ့ကိစ္စကိုပဲ ငြင်းကြခုံကြရန်ဖြစ်ကြက ဒီနေ့အထိရှိနေတုန်းပဲ။ ဒါပေမယ့်လည်း ဟိုတလောက […]

Street Photography ဆိုတဲ့မြင်းရိုင်းကို တရားထိုင်သလိုထိန်းကျောင်းပြီးဓါတ်ပုံရိုက်လေ့ရှိတဲ့ ကိုစိုင်းထင်လင်းထက်နဲ့တွေ့ဆုံခြင်း

FC ကို ဓါတ်ပုံရောက်လာတဲ့အထဲ ပထမဦးဆုံးပို့တဲ့တစ်ပုံထဲနဲ့ ပုံကိုတွေ့တွေ့ချင်း WoW ဆိုပြီးဖြစ်စေခဲ့တဲ့သူ ကိုစိုင်းထင်လင်းထက်။ Miami Street Photography Festival, 2017 မှာ Finalist ဝင်ခဲ့တဲ့ မြန်မာပြည်က Street Photographer နှစ်ယောက်ထဲက တစ်ယောက်။ နိုင်ငံတကာက ဓါတ်ပုံနဲ့ပတ်သက်တဲ့ website တွေ၊ ပြပွဲတွေမှာ ခဏခဏပါဝင်ရလေ့ရှိသူတစ်ယောက်။ လူမှု အသိုင်းအဝိုင်းကြား ငြိမ်းချမ်းရေးတည်ဆောက်မှု သင်တန်းနည်းပြတစ်ဖြစ်ခဲ့ဖူးသူ စသဖြင့် ခေါင်းစဉ်ပေါင်းများစွာနဲ့ ကိုစိုင်းထင်လင်းထက်နဲ့ အင်တာဗျူးကို တင်ပြလိုက်ပါတယ်။ Photo Courtesy of Sai Htin Linn Htet ၁) ကျေးဇူးပြုပြီး […]