All posts filed under “Articles

Articles about Street Photography

မြန်မာ Street Photography Page တွေရဲ့နောက်ကွယ်က ဘာသာပြန်ဆောင်းပါးတွေရေးနေသူတစ်ဦးနှင့် တွေ့ဆုံခြင်း

FC ရဲ့ ဒုတိယမြောက်အင်တာဗျုးအတွက် စဉ်းစားတော့ နည်းနည်းလေးလည်း ထူးခြားအောင်၊ နောက်ပြီး ကျွန်တော်တို့ မြန်မာ Street Photography ချီတက်ခဲ့တဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှေ့ကိုထွက်မလာပဲ နောက်ကွယ်ကနေအကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့သူတစ်ယောက်ကို ဆွဲထုတ်ချင်တာနဲ့ MMSP ကနေစပြီး FC အထိ အလုပ်ဘယ်လောက်များများ Street Photography နဲ့ပတ်သက်တဲ့ဆောင်းပါးတွေ အစဉ်တစိုက်ဘာသာပြန်ပေးခဲ့တဲ့သူ၊ ကိုယ်တိုင်လည်း Street Photo တွေရိုက်နေတဲ့သူကို အင်တာဗျူးဖို့ ဆုံးဖြတ်ခဲ့တယ်။ အောက်မှာ ဖတ်ကြည့်ပါဦး။ ၁) ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါခင်ဗျ။ ကျနော့်နာမည် သီဟသူပါ။ Singapore, 2017. ၂) ဓါတ်ပုံပညာကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲခင်ဗျ။  ကင်မရာကို […]

Street Photography ရိုက်တဲ့အခါ ဘယ်လို Zone Focus လုပ်မလဲ

နေ့စဉ်ဘဝတွေကို လျှပ်တပြက်အနေအထားနဲ့ ပြတ်ပြတ်သားသား ဖမ်းယူရိုက်ကူးနိုင်ဖို့ဟာ  Street Photography မှာ အခက်အခဲဆုံးအရာတွေထဲက တစ်ခုဖြစ်ပြီး၊ ကျွမ်းကျင်ပိုင်နိုင်ဖို့ အလိုအပ်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘဝဟာ မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး ခန့်မှန်းလို့လည်း မရပါဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဘယ်အချိန်မဆို ဖြစ်သွားနိုင်ပါတယ်။ ဓာတ်ပုံရဲ့ အခြားသော အမျိုးအစားတွေမှာ ပုံတိုင်းကို သေသေချာချာရိုက်နိုင်ဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ အချိန်ရပါတယ်။ လျှပ်တပြက်ဘဝမှာတော့ မရပါဘူး။ သေသေချာချာရိုက်ဖို့ အချိန်မပေးတဲ့အတွက် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။  ဖြတ်ကနဲဖြစ်သွားတဲ့အခိုက်အတန့်မှာ နေ့စဉ်ဘဝကို ပြတ်ပြတ်သားသား လွယ်လွယ်ကူကူ ဖမ်းယူနိုင်ဖို့ ဘယ်လိုလုပ်နိုင်ပါသလဲ။ ပုံတစ်ပုံ မဖမ်းယူခင် ကင်မရာက ဖိုးကပ်စ် ဖမ်းရတဲ့အဖြစ်ကို […]

လမ်းပေါ်က  သာမာန် Scene တစ်ခုဟာ ကျွန်တော်စိတ်ကူး နဲ့ feeling ကို ကိုယ်စားပြု ဖော်ပြနိုင်တယ်ဆိုတဲ့ အောင်ဇော်မျိုးနဲ့ အင်တာဗျူး

FC ကနေ အစီအစဉ်အသစ်တစ်ခုထပ်တိုးဖို့စီစဉ်တော့၊ အင်တာဗျူးအစီအစဉ်ထည့်ဖို့ကို စဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ FC ရဲ့ အန္တိမရည်ရွယ်ချက်ဖြစ်တဲ့ Professional ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Street/ Candid နဲ့ပတ်သက်တဲ့ မြန်မာလူမျိုးရွက်ပုန်းသီးလေးတွေကို ဖော်ထုတ်ချင်တယ်။ မြန်မာလူမျိုးဖြစ်နေသရွေ့ သူ့ဟာသူ ကမ္ဘာရဲ့ ဘယ်အခြမ်းမှာပဲ ရောက်နေနေ FC Platform ပေါ်ကနေ မြန်မာတစ်နိုင်ငံလုံး၊ အဲ့ဒီ့ကနေ တစ်ကမ္ဘာလုံးထိသွားချင်တယ်။ အင်တာဗျူးကနေ သူတို့တွေ အမြင်ချင်းဖလှယ်လို့ရမယ်။ သူတို့ပေါက်ကွဲသံစဉ်တွေရှိရင် နာကြားလို့ရမယ်။ ဒီအင်တာဗျူးအစီအစဉ်ကနေ တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်သံချင်း၊ အနုပညာချင်းဖလှယ်နိုင်ခဲ့သည်ရှိသော် ဒီအစီအစဉ်ပေါ်ပေါက်ရကျိုးနပ်ပါလိမ့်မယ်။ အဲ့ဒီ့တော့ ပထမဆုံးရွေးချယ်မိတာက ကျွန်တော်တို့ FC ရဲ့ ပထမဦးဆုံး စာအုပ်မှာကော၊ […]

Street Photography ရိုက်စဉ် ဘာလို့ chimping မလုပ်သင့်သလဲ?

Photo by Andrew Eccles Chimping ဟာ ဒီဂျစ်တယ် ဓာတ်ပုံအသိုင်းအဝိုင်းမှာ ပျံ့နှံ့နေတဲ့ မလိုလားအပ်တဲ့ ရောဂါတစ်ခုလိုပါပဲ။  Chimping ဆိုတာ ဘာလဲ။ ဓာတ်ပုံတစ်ပုံရိုက်ပြီးတိုင်း ကင်မရာရဲ့ LCD ကို ပြန်ကြည့်တာကို ခေါ်တာပါ။ ဘာလို့ chimping လို့ ခေါ်တာလဲ။ ပုံကောင်းတစ်ပုံ ရတယ်လို့ တွေးကြည့်ပါ။ ပြီးတော့ တခြားသူတွေကို ပြမယ်။ ကင်မရာရဲ့ LCD ကို လက်ညှိုးထိုးပြီး “အိုး အိုး အိုး” ဆိုပြီးပြတယ်။ ချင်ပန်ဇီတစ်ကောင်လိုပေါ့။ Street photography မှာ chimping ဟာ ဘာလို့မကောင်းတာလဲ။ […]

Photo Essay အတွက် အကြံပေးချက် ၅ချက်

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းမှာ ဗီဒီယိုနဲ့ ရုပ်ရှင်တို့ဟာ အဓိကကျလာတဲ့ ခေတ်သစ်  ဇာတ်ကြောင်းပြန်ပြောခြင်းအသွင်သဏ္ဌာန်များ ဖြစ်လာကြပါတယ်။ ဒါပေမယ့် ဗီဒီယို မတိုင်မီကတော့ ဓာတ်ပုံဟာ အဓိကကျခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကစတင်ပြီး ဓာတ်ပုံနဲ့ ဇာတ်ကြောင်းပြန်ပြောခြင်းတို့ဟာ အတူတကွ လက်တွဲချီတက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဇာတ်ကြောင်းပြန်ပြောခြင်းရဲ့ စွမ်းအားကို ယခင်ကထက် ပိုမို အသုံးချလာကြပါတယ်။ ဒါပေမယ့် ဇာတ်ကြောင်းတစ်ခုကို ဓာတ်ပုံများနဲ့ ပြန်လည်ပြောဆိုရာမှာ နည်းပညာပိုင်း ကျွမ်းကျင်မှုရှိတဲ့ ဓာတ်ပုံဆရာတစ်ဦးပါရှိရုံနဲ့ မလုံလောက်ပါဘူး။ ဇာတ်လမ်းကောင်းတစ်ခုရဲ့နောက်မှာရှိတဲ့ စိတ်ခံစားမှုနဲ့ အယူအဆ သဘောထားတို့ကို နားလည်တဲ့ ဓာတ်ပုံပညာကျွမ်းကျင်သူများကသာ အကျိုးသက်ရောက်မှုရှိတဲ့ ဓာတ်ပုံ ဇာတ်ကြောင်းပြောတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ အဲသလို […]

Street Photography Project ဘယ်လို စလုပ်မလဲ

ကျနော်ပိုပြီးအာရုံစိုက်လာတာကstreet photography project တွေ လုပ်တာပဲဖြစ်တယ်။ ဒီပရောဂျက်တွေက ဓာတ်ပုံရိုက်တဲ့အခါပိုပြီးအလေးအနက်ထားစေတယ်။ ပြီးတော့ ဓာတ်ပုံတစ်ပုံချင်းစီထက် ဓာတ်ပုံတွေကိုစုစည်းပြီး ကြေငြာချက်တစ်ခုထုတ်ပြန်နိုင်တယ်။ ဒါကြောင့် street photography project တွေက အရေးကြီးတယ်။ စာဖတ်သူတို့အနေနဲ့ကိုယ်ပိုင် street photography project မလုပ်ဖူးဘူးဆိုရင် (ဒါမှမဟုတ် ဉာဏ်ကွန့်မြူးတာရချင်တယ်ဆိုရင်)အောက်မှာဖော်ပြထားတဲ့ ကိုယ်ပိုင် street photography project ဘယ်လို စလုပ်မလဲဆိုတာကိုဖတ်ကြည့်ပါ။ မိတ်ဆက် ယခုအခါမှာFlickr တို့လို အွန်လိုင်း လူမှုကွန်ရက် ဓာတ်ပုံ ဝက်ဘ်ဆိုက်တွေဟာ ဓာတ်ပုံတစ်ပုံချင်းစီကိုပိုအလေးပေးနေတယ်လို့ ကျနော်ထင်ပါတယ်။ တစ်ယောက်ယောက်ရဲ့ Flickr ကိုဖွင့်ကြည့်လိုက်ရင်အရင်ဆုံးတွေ့ရမှာက သူတို့ရဲ့ “photo-stream” ပဲဖြစ်ပါတယ်။ […]

ဖိုတိုအက်ဆေး ဘယ်လိုဖန်တီးကြမလဲ

Please click the picture to view with gallery တကယ်လို့များ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းထောင်ချီပြီးညီမျှတယ်ဆိုရင် ဖိုတိုအက်ဆေးကောင်းတစ်ပုဒ်ကတော့ စကားလုံးပေါင်းသန်းချီတန်နေလိမ့်မယ်ထင်ပါတယ်။ ဖိုတိုအက်ဆေးတစ်ပုဒ်ဟာ ဆက်ရန်ရှိသည်များကို ဆက်ဖို့အတွက် အခွင့်အရေးတစ်ရပ်ပါပဲ။ ဓါတ်ပုံတစ်ပုံတည်းနဲ့ မလုံလောက်တော့တဲ့အခါ ဓါတ်ပုံများစွာပေါင်းပြီး တင်ပြဖို့ဆိုတာ ရိုးရှင်းလွန်းတဲ့ကိစ္စတစ်ရပ်ပါ။ ဒီနေရာမှာ ဖိုတိုအက်ဆေးတစ်ပုဒ်ဖန်တီးဖို့အတွက် အဓိကကျတဲ့အချက်ငါးချက်အကြောင်းလေး ပြောချင်ပါတယ်။ Subject ဖိုတိုအက်ဆေးရိုက်တဲ့အခါ တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေထဲက တစ်ဝက်လောက်က စိတ်ဝင်စားစရာကောင်းတဲ့ Subject တွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ အက်ဆေးစတင်အကောင်အထည်ဖော်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ Subject တစ်ခုကို ရှာဖွေယ်၊ အဲ့ဒီ့ Subject ဟာ ရိုက်ကူးသူခင်ဗျားကို စိတ်ဝင်စားစေမယ့်အရာ (ဝါ) […]