All posts by “Thi Ha Thu

ဓာတ်ပုံတွေကို crop လုပ်သင့်သလား?

ပုံတွေကို ဖြတ်တောက်ခြင်း (cropping) က ပိုကောင်းတဲ့ ဓာတ်ပုံဖြစ်လာစေသလား။ဥပမာ Henri Cartier-Bresson ရဲ့ ကျော်ကြားတဲ့ ဓာတ်ပုံကို ကြည့်ပါ။ ဓာတ်ပုံကို ဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက နံရံမှာရှိတဲ့ အပေါက်ထဲကနေ ရိုက်လို့ပါတဲ့။ မည်သို့ပင်ဆိုစေ ဒီပုံကို သူ ဖြတ်ခဲ့ပါတယ်။ ဖြတ်လိုက်တာက ပုံကို ပိုကောင်းသွားစေတယ်လို့ ကျနော်ထင်ပါတယ်။Elliot Erwitt ရဲ့ တော်တော်ကြီးကို ဖြတ်တောက်ထားတဲ့ ဓာတ်ပုံတစ်ခု။ ဒါပေမဲ့ ကျနော်တို့ ပုံတွေအားလုံးကို ဖြတ်တောက်သင့်သလား။ ယေဘုယျအားဖြင့် မဖြတ်တောက်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ ဖြတ်တောက်ခြင်းက သင့်ကို ပျင်းရိတဲ့ ဓာတ်ပုံသမားတစ်ဦးဖြစ်စေတယ် (အနည်းဆုံးတော့ ကျနော့်ကို […]

Street Photographer လုပ်သင့်၊ မလုပ်သင့်?

Street Photography မရိုက်ဖို့ အဓိကအကြောင်းရင်း ၆ချက် ၁ – သင့်ပုံတွေဟာ ‘like’ အများကြီးရမှာ မဟုတ်။လူမှုကွန်ရက် social media တွေမှာ အများစုက Street Photography ရဲ့ အနုပညာကို တန်ဖိုးမထားကြဘူး။ ကြောင်နဲ့ ပန်းတွေကိုရိုက်တဲ့ပုံတွေက ‘like’ ပိုရတတ်ပါတယ်။ ၂ – သင့်ဓာတ်ပုံတွေဟာ ရောင်းစားလို့မရဘူး။ဓာတ်ပုံဆရာက နာမည်ကြီးမဟုတ်ရင် လူတွေက street ဓာတ်ပုံတွေကို ဝယ်လေ့မရှိပါဘူး။ ၃ – Street photography နဲ့ ပိုက်ဆံရှာလို့မရဘူး။ကင်မရာကိုင်ပြီး လမ်းပေါ်လျှောက်သွားကာ လူတစိမ်းတွေကို ဓာတ်ပုံရိုက်ဖို့ ဘယ်သူကမှ ပိုက်ဆံပေးပြီး မခိုင်းဘူး။ […]

Street Photography ရိုက်တဲ့အခါ ဘယ်လို Zone Focus လုပ်မလဲ

နေ့စဉ်ဘဝတွေကို လျှပ်တပြက်အနေအထားနဲ့ ပြတ်ပြတ်သားသား ဖမ်းယူရိုက်ကူးနိုင်ဖို့ဟာ  Street Photography မှာ အခက်အခဲဆုံးအရာတွေထဲက တစ်ခုဖြစ်ပြီး၊ ကျွမ်းကျင်ပိုင်နိုင်ဖို့ အလိုအပ်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘဝဟာ မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး ခန့်မှန်းလို့လည်း မရပါဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဘယ်အချိန်မဆို ဖြစ်သွားနိုင်ပါတယ်။ ဓာတ်ပုံရဲ့ အခြားသော အမျိုးအစားတွေမှာ ပုံတိုင်းကို သေသေချာချာရိုက်နိုင်ဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ အချိန်ရပါတယ်။ လျှပ်တပြက်ဘဝမှာတော့ မရပါဘူး။ သေသေချာချာရိုက်ဖို့ အချိန်မပေးတဲ့အတွက် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။  ဖြတ်ကနဲဖြစ်သွားတဲ့အခိုက်အတန့်မှာ နေ့စဉ်ဘဝကို ပြတ်ပြတ်သားသား လွယ်လွယ်ကူကူ ဖမ်းယူနိုင်ဖို့ ဘယ်လိုလုပ်နိုင်ပါသလဲ။ ပုံတစ်ပုံ မဖမ်းယူခင် ကင်မရာက ဖိုးကပ်စ် ဖမ်းရတဲ့အဖြစ်ကို […]

Ladies (… with hats) One Fullerton, Singapore. 2017© Thi Ha Thu

Street Photography ရိုက်စဉ် ဘာလို့ chimping မလုပ်သင့်သလဲ?

Photo by Andrew Eccles Chimping ဟာ ဒီဂျစ်တယ် ဓာတ်ပုံအသိုင်းအဝိုင်းမှာ ပျံ့နှံ့နေတဲ့ မလိုလားအပ်တဲ့ ရောဂါတစ်ခုလိုပါပဲ။  Chimping ဆိုတာ ဘာလဲ။ ဓာတ်ပုံတစ်ပုံရိုက်ပြီးတိုင်း ကင်မရာရဲ့ LCD ကို ပြန်ကြည့်တာကို ခေါ်တာပါ။ ဘာလို့ chimping လို့ ခေါ်တာလဲ။ ပုံကောင်းတစ်ပုံ ရတယ်လို့ တွေးကြည့်ပါ။ ပြီးတော့ တခြားသူတွေကို ပြမယ်။ ကင်မရာရဲ့ LCD ကို လက်ညှိုးထိုးပြီး “အိုး အိုး အိုး” ဆိုပြီးပြတယ်။ ချင်ပန်ဇီတစ်ကောင်လိုပေါ့။ Street photography မှာ chimping ဟာ ဘာလို့မကောင်းတာလဲ။ […]