All posts by “Chit Min Maung

အလွဲများနဲ့ Street

Street Photography အကြောင်းပြောကြတဲ့အခါ အဓိကပြဿနာက ကျွန်တော်တို့ တုတ်ထမ်းဓါးထမ်းပြောရဖို့များတယ်လို့ဆိုရမယ်။ Street Photography က တခြားဓါတ်ပုံအမျိုးအစားတွေလို ရိုးရှင်းမနေဘူး။ သူက စာပေနဲ့ယှဉ်ပြောရင် ကဗျာအနုပညာနဲ့ဆင်မယ်လို့ထင်တယ်။ တိတိပပဖော်ပြဖို့အဆင်မပြေဘူး။ သူ့ဆီကထွက်လာနိုင်တဲ့ Possibility Outcome တွေက အရမ်းများနေတယ်။ ဥပမာ – ကောင်မလေးတစ်ယောက်ကို ပို့စ်ပေးခိုင်းပြီးရိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ့ထွက်လာတဲ့ပုံကို ကောင်းတာမကောင်းတာအပထား ဟာ မင်းဟာ Portrait ရိုက်တာမဟုတ်ဘူးလို့ ငြင်းဖို့မဖြစ်နိုင်ပေမယ့်၊ လမ်းမှာ စျေးထိုင်ရောင်းနေတဲ့ အဖိုးကြီးဖြစ်ဖြစ် အဒေါ်ကြီးဖြစ်ဖြစ်ကို ရိုက်လာပြီး Street Photography လို့ပြောဖို့တော့ နည်းနည်းလေးအခက်အခဲရှိမယ်ထင်ပါတယ်။ အဲ့ဒီ့ကိစ္စကိုပဲ ငြင်းကြခုံကြရန်ဖြစ်ကြက ဒီနေ့အထိရှိနေတုန်းပဲ။ ဒါပေမယ့်လည်း ဟိုတလောက […]

Leave a comment