ပုံကိုအရမ်းပြင်ရတယ်ဆိုရင် ပုံမကောင်းလို့ပဲလို့ခံယူထားတဲ့ ဒီးဒီးနဲ့တွေ့ဆုံခြင်း

Articles

FC ရဲ့ ဒီလအင်တာဗျူးအစီအစဉ်မှာ Miami Street Photography Festival, 2017 မှာ Finalist ဝင်ခဲ့တဲ့ မြန်မာပြည်က Street Photographer နှစ်ယောက်ကိုမေးမြန်းဖို့စီစဉ်ထားပါတယ်။ ယခုဖော်ပြမယ့်အင်တာဗျူးကတော့ အဲ့ဒီ့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒီးဒီးဆိုတဲ့သူနဲ့တွေ့ဆုံခြင်းပဲဖြစ်ပါတယ်။

တကယ်လို့ခင်ဗျားက FC နဲ့မစိမ်းတဲ့သူဆိုရင်တော့ ဒီးဒီးကိုမသိစရာအကြောင်းမရှိဘူး။ သူ့ပုံတွေက FC မှာ အမြဲတမ်းဝေဝေဆာဆာဖော်ပြခံရလေ့ရှိတဲ့သူ။ နောက် သူက Street Photo Myanmar ဆိုတဲ့ Facebook Group ရဲ့ founder တစ်ဦးလဲဖြစ်သူ။ လောလောဆယ်တော့ အမေရီးကားမှာနေရင်း Street Photo တွေ နေ့တိုင်းထွက်ရိုက်နေတဲ့သူ။

သူ ဘာတွေပြောထားလဲဆိုတာကတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

image

Photo Courtesy of De De

၁) ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါခင်ဗျ။
ဟုတ်ကဲ့ ကျနော်နာမည်အပြည့်အစုံက စိုင်းမင်းထက်ဦး။ ကျနော့်သူငယ်ချင်းတွေခေါ်တာကတော့ ဒီဒီ လို့ခေါ်ကြပါတယ်။ ဒီဒီ ဆိုတဲ့ နာမည်ကိုကျနော့်အမေငယ်ငယ်တုန်းကပေးခဲ့တာပါ။ ကျနော်အခုအမေရိကန် နယူးရောက်မှာနေထိုင်ပါတယ်။ ဒီမှာ အလုပ်လုပ်ရင်းကျနော်အမေနဲ့အတူနေပါတယ်။

၂) ဓါတ်ပုံပညာကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲခင်ဗျ။
၂၀၁၄ ဒီဇင်ဘာလ ကို ရဲသူအောင် ဦးစီးကျင်းပတဲ့ fotomarthon Yangon က စပြီး ဓါတ်ပုံ ရိုက်ဝါသနာပါလာတယ်ပြောရမှာပဲ။ အဲဒီတုန်း က ကျနော်ကင်မရာလည်းမရှိ ကင်မရာ အကြောင်းလဲ ဘာမှ နားမလည်သေးပါဘူး။ အဲဒီ Fotomarathon Yangon ပွဲလေး သွားချင်လို့ ကျနော် အမ ဝမ်းကွဲ ဆီက ကင်မရာလေးငှား ပြီး သွားခဲ့ရပါတယ်။ အဲဒီပွဲလဲပြီးရော ကင်မရာပြန်ပေးလိုက်ပြီး ကျနော် လည်း ဓာတ်ပုံမရိုက်ဖြစ်တော့ပါဘူး။ နောက်တော့ကျနော် အမေ ကျနော်လို ချင်တဲ့ secondhand camera လေးဝယ်ပေးခဲ့တယ်(canon 60D 18-55)။ second hand lens တလုံး လဲ ကျနော် ဂျင်းမိဘူးပါတယ်။ နောက်မှ ပြောပြတော့မယ်။ ကင်မရာတလုံးနဲ့ဘာရိုက်လို့ရိုက်ရမှန်းမသိတယ့်အချိန် လျှောက်ရိုက်ပါတယ်။ ကင်မရာsetting တွေအကြောင်းမသိတော့ ရိုက်ရတာ တိုင်ပတ်တော့ ကင်မရာ အိမ်မှာပဲထားပြီး မရိုက် ဖြစ်တော့ပါဘူး။ ကျနော် နယူးယောက်လဲ ရောက်ပြီး ၈ လ လောက် နေပြီး Facebook မှာ FC စတွေ့ ဝင်ပြီးလေ့လာကြည့် ပုံ တွေ မိုက်လိုက်ကြီးလား ကိုယ့် ရိုက်ချင်တာ အဲလို ပုံတွေပဲဆိုပြီး ကို ကို သိ ခဲ့ပါတယ်။ ဒီရောက်မှာ street ကိုသေသေချာချာ စရိုက်တာဆိုတော့ အခုဆိုရင် ၂နှစ်နီးပါးလောက်ရှိပါပြီ။

image

Photo Courtesy of De De

၃) ခင်ဗျားမှာ အနုပညာမျိုးရိုး (သို့မဟုတ်) ဓါတ်ပုံပညာမျိုးရိုးရှိပါသလားခင်ဗျ။
ကျနော်မှာဘာဓာတ်ပုံမျိုးရှိုးမှမရှိပါဘူး။ street photography စရိုက်တုန်းဆိုရင် အမျိုးတယာက်ကတောင် အားပေးလိုက်သေးတယ်။ မင်းဒီလိုပဲ အကျိုး မရှိ တယ့် ဓာတ်ပုံတွေ ပဲ လျှောက်ရိုက်နေမှာလားတဲ့။ အေးဗျာ လူကြီးတွေ ဆိုတာ ကင်မရာကိုင်ပြီးဆိုရင် တိရိစ္ဆာန် ရုံ မှာ ရှိတဲ့ မိသားစု ပုံတွေပဲ ရိုက်တတ်တယ့်လူ တွေလို့ထင်နေတုန်းပဲ။ ကျနော်ကတော့ဘာမှမတုံ့ပြန်ပဲကိုယ့်လုပ်စရာရှိတာပဲဆက်လုပ်ခဲ့ပါတယ်။

image

Photo Courtesy of De De

၄) ခင်ဗျားရဲ့ဖန်တီးမှုမှာ ဘယ်အနုပညာသမား (သို့) ဘယ်ဓါတ်ပုံဆရာရဲ့ လွှမ်းမှိုးမှုရှိတယ်လို့ ထင်ပါသလဲ။
ကျနော်ကြိုက်တဲ့ဓာတ်ပုံဆရာအများကြီးထဲမှာအနည်းငယ်ဖော်ပြလိုက်ပါတယ်။ ALEX WEBB, Tavepong, Maciej Dakowicz..etc… Alex Webb ရဲ့ layering တွေ colors တွေ က ကျနော် အရမ်း ကြိုက်ပါတယ်

image

Photo Courtesy of De De

၅) ဓါတ်ပုံတစ်ပုံရိုက်ဖို့ ဘယ်လောက်အထိပြင်ဆင်မှုတွေပြုလုပ်ပါသလဲ။ အဆင့်ဆင့်တိုင်းကို ပြင်ဆင်မှုပြုလုပ်သလား။ ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်သလိုကြုံလာတဲ့အတိုင်းရိုက်ပါသလား။
ဓာတ်ပုံရိုက်ပြီးဆိုရင် candid moment တွေရိုက်ရတာပို သဘောကျပါတယ်။ အချိန်ကောင်းကိုစောင့်တယ်။ ဓာတ်ပုံရိုက်ရင်ကျနော်မလောဘူး။ စိတ်ရှည် သီးခံ လမ်းကြောင်း မှန် …

image

Photo Courtesy of De De

၆) ဘယ်လိုနေရာမျိုးက ခင်ဗျားကို ဓါတ်ပုံရိုက်ချင်အောင် ဆွဲဆောင်မှုရှိသလဲ။
ကျနော်အတွက်နေရာတိုင်းမှာ စိတ်ဝင်စားစရာအပြည့် ရှိတယ်။ ကျနော်ကိုနေရာ တိုင်းကဓာတ်ပုံတွေရိုက်ဖို့ စောင့်ကြိုနေတယ်။ လောကအဖြစ်အပျက်တွေ တစ်နေ့နဲ့ တစ်နေ့မတူဘူးလေ။ နေရာတိုင်းကတော့ကျနော်အတွက်အသစ်တွေကြီးပါပဲ။

image

Photo Courtesy of De De

၇) ကျေးဇူးပြုပြီး ခင်ဗျားသုံးတဲ့ technique လေးတွေ process လုပ်ပုံလေးတွေ သဘောတရားလောက်ပြောပြလို့ရမလားခင်ဗျ။
ကျနောပုံကို ကျနော် အမြဲတမ်း အလွန်းအကြူးပြင်လေ့မရှိဘူး။ ကျနော်ခံယူထားတာက ပုံကို အရမ်းပြင်လိုက်ရင် မင်း ပုံ မကောင်းလို့ပဲ ခံယူထားတယ်။ ကျနော်ဓာတ်ပုံ ပြင်တယ့်အခါ basic editing တွေပဲ သုံး ဖြစ်တယ်။ baisc editing ဆိုတာ Lightroom မှာ ရှိတယ့် basic tools တွေ ပေါ့။ များများရိုက်ဖို့အကြံပေးချင်ပါတယ်။

image

Photo Courtesy of De De

၈) အခု ဒီမှာဖတ်နေတဲ့သူတွေအတွက် သူတို့ပုံလေးတွေ အကောင်းဆုံးအနေအထားရောက်အောင် အကြံဉာဏ်လေးပေးနိုင်မလားခင်ဗျ။
ကျနော် Facebook မှာ Street Photo Myanmar ဆိုပြီး page လေး လာ join ဖို့ အးလုံးကိုဖိတ်ခေါ်ပါတယ်။ Scence တခု ကို တွေ့ ပြီးဆို ရင်ရိုက်လိုက်ပါ။ မရိုက် ဘူး ဆိုရင် နောက်မှ နောင် တ ရပါ လိမ့်မယ်။ အများကြီး မစဉ်စားပါနဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ။ အာရုံကို တခု ထဲမှာပဲ ထား ပါ လို့ အကြံ ပေးခြင်ပါတယ်။

image

Photo Courtesy of De De

၉) ခင်ဗျားဘဝမှာ ဓါတ်ပုံမရိုက်ဖြစ်တဲ့အချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ ပြောပြလို့ရမလား။
ကျနော်ဘဝမှာဓာတ်ပုံမရိုက်ဖြစ်တော့ဘူးဆိုရင် ဒီနိုင်ငံမှာ(နယူးရောက်)နေဖြစ်မယ်ဆိုရင်တော့ အလုပ်ပဲလုပ်နေရမှာပါ။ မြန်မာပြည်မှာနေဖြစ်မယ်ဆိုရင်တော့ ရှုးခင်းလှလှလေးရယ် အိမ် တလုံး ရယ် နယ်ေဝေးဆိုတဲ့ နေရာကြီးနေချင်ပါတယ်။

image

Photo Courtesy of De De

၁၀) ခင်ဗျားအနာဂတ်အတွက် ဘာတွေစီစဉ်ထားတာရှိလဲ။ ဘယ်လိုပရောဂျက်မျိုးတွေ လုပ်ချင်လဲ။
ကျနော်အရင်တုန်းက လမ်းပေါ်ထွက်ပြီး အမြဲလိုလိုဓာတ်ပုံရိုက်ဖြစ်တယ်။ အခုတော့ ko YeMin ဦးဆောင်တယ့် 365 project လုပ်နေတယ်။ အခုမှအစပဲရှိပါသေးတယ်။ အခုတော့ နေ့တိုင်းဓာတ်ပုံထွက်ရိုက်ဖြစ်နေတယ်အဲဒီproject ကြောင့်။

image

Photo Courtesy of De De

စိတ်ထဲပြောချင်တာလေးများရှိရင်
ကျနော် street photography မတိုင် ခင် သူ များ တွေရိုက်သလို အားလုံးရိုက်တာပဲ။ နောက်တော့ ကျေနော် တကယ် ဝါသနာပါတာ street photography ဆိုတာသိခဲ့တယ်။ ကျနော် ကင်မရာsetting အကြောင်းတွေ စလေ့လာခဲ့တယ်။ exposure trainagle (aperture,shutter,iso) သူတို့တွေရဲ့ အလုပ်လုပ်ပုံကို youtube မှာ စလေ့လာတယ်။ ko phyo zan ရဲ့ basic photography စာအုပ်လေးတွေ ဖတ်ပြီးလေ့လာတယ်။ Youtube ဆိုတယ့် အရာင်္ကြီး က လေ့လာလို့ မကုန်နိုက်တဲ့ အရာကြီးပါ။ သုံးတတ်ရင်အကျိုးကျေးဇူးအများကြီးရပါတယ်။ FC က street photography Note လေးတွေလဲ ဖတ်ဖြစ်တယ်။ ကျနော်အခုဆိုရင် street photo တွေ  ရိုက်လာတာ အခု ဆိုရင် နှစ်နှစ်နီးပါလောက်ရှိလာပါပြီ။ အမှတ်တရအဖြစ်ဆုံးကတော့ ဒီနှစ် MIAMAI STREET PHOTOGRAPHY 2017 မှာ finalist ၉၉ ပုံ မှာ ပါသွားတာကတော့ အတိုင်းမသိပျော်ခဲ့ရပါတယ်။ ကျနော်ကို မသိတာတွေလဲ မေးလို့ရတယ်။ ကျနော် သိသလောက်ပြန်ဖြေပေးပါ့မယ်။ ကျနော်လည်းလိုအပ်ချက်အများကြီးရှိပါသေးတယ်။ ဆက်လက်သင်ယူပါအုန်းမယ်။

image

Miami Street Photography Festival, 2017 Finalist Photo/ Photo Courtesy of De De 

အခု လိုဖြေခွင့်ရလို့ FC ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

ဒီးဒီးရဲ့ အခုနောက်ဆုံးလုပ်ထားတဲ့ Photo Essay ကို ဒီအောက်ကလင့်မှာ တွေ့နိုင်ပါတယ်။
Photo Essay: Watching You by De De

သူ့ရဲ့တခြားလက်ရာတွေကြည့်ချင်ရင်တော့ အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
De De on Featured Collectives

Posted by

Modern platform for artists who want to share/ promote their photography artworks. We mainly focus on Street and Fine Art Photography. You can share your artworks on our website's submission page.